(ပြည်တွင်း) ဧပြီ ၁၈
ဈေးရောင်းချရန်အတွက် နံပြားနှင့်အကြော်များအား နေအိမ်ရှေ့အဖီအောက်တွင် ပြုလုပ်နေသည့် ဟိန္ဒူလူမျိူးတစ်ဦးကို PDF အကြမ်းဖက်များမှ လာရောက်ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၈ နံနက် ၆ အချိန်တွင် ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက်နေ ကိုအောင်ကျော်၊ ၄၂ နှစ်သည် နံပြနှင့်အကြော်များပြုလုပ်နေစဥ် PDF တစ်ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ငယ်ဒိုးကျေးရွာဘက်မှ နေအိမ်ရှေ့သို့ လာရောက်ပသ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်း PDF အကြမ်းဖက်သမားမှ နံပြားဝယ်မည်ဟုဆိုကာ ပစ်ခတ်ခဲ့သည့်အတွက် ဦးအောင်ကျော်၊ ၄၂ နှစ်၊ (ဘ)ဦးကျော်တင် ရာအိမ်မှူး၊ ဟိန္ဒူ ငပိစိလမ်း၊ မြောက်ပိုင်းရပ်ကွက်နေသူ၏ နှဖူးကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့သောကြောင့် ကျိုက်ထိုလူမှုကူညီရေး အသင်းမှယာဉ်ဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်းသိရသည်။
#PAN