တံတားဦး​လေဆိပ်ဘက်သို့ ပစ်ခတ်ရန် ချိန်ထားသော ရှော့တိုက်ဒုံးများ သိမ်းဆည်းရမိ


(ပြည်တွင်း)ဧပြီ ၁၈

ကျောက်ဆည်မြို့နယ်၊ ရွာတော်ကျေးရွာတောင်ဘက်၊ ကျီးအိပ်ကျေးရွာအနောက်ဘက်တွင် တံတားဦး​လေဆိပ်ဘက်သို့ ပစ်ခတ်ရန် ချိန်ထားသော ရှော့တိုက်ဒုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ယမန်နေ့နံနက် ၈ နာရီခွဲအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျောက်ဆည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်စဥ် တံတားဦး​လေဆိပ်ဘက်သို့ ပစ်ခတ်ရန် ချိန်ထားသော သဲအိတ်ဖြင့်ပြုလုပ်ထားသည့် ဒုံးပစ်စင် ၁၀ ခု၊ မပစ်ခတ်ရသေးသည့် ၁၀၇-မမ ရှော့တိုက်ဒုံး ၆ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ကီးပက်ဖုန်း ၂ လုံးနှင့် အဝေးထိန်း ဆားကစ် ၄ ခုတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ရန် ဘတ္ထရီအိုး ၁ လုံးစီအား ရှော့တိုက်ဒုံး ၃ လုံးနှုန်းဖြင့် ၆ လုံးချိတ်ဆက်ထားပြီး ကျန် ၄ လုံး မှာ အဝေးထိန်းရီမုပုံစံ အဝေးထိန်းဆားကစ် ၁ ခုစီဖြင့် ချိတ်ဆက်ထားကြောင်း စီစစ်တွေ့ရှိ ရပြီး ရှော့တိုက်ဒုံးများအား ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21798

PAN