အမေရိကန် သမ္မတဟောင်း ထရမ့် ပထမဆုံး ရာဇဝတ်မှုအား အမှုရင်ဆိုင်


ဧပြီ ၁၇

အမေရိကန် သမ္မတဟောင်း ထရမ့် ပထမဆုံး ရာဇဝတ်မှုအား အမှုရင်ဆိုင်


ဧပြီ ၁၇

အမေရိကန် သမ္မတဟောင်း ထရမ့်သည် နယူးယောက်မြို့ရှိ တရားရုံးတစ်ရုံးတွင် သမ္မတရာထူးတာဝန် ထမ်းဆောင်စဉ်က အပြာမယ်တစ်ဦးအား ၎င်းနှင့်ပတ်သက်မှုကို နှုတ်ဆိတ်နေစေရေးအတွက် လာဘ်ငွေပေးခဲ့မှု အား အမှုရင်ဆိုင်ခဲ့ကြောင်း NHK သတင်းတစ်ရပ်အရ သိရသည်။

ယခုအမှုသည် ထရမ့်၏ ပထမဆုံး စွဲချက်တင် ခံရသည့် ရာဇဝတ်မှုဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ထရမ့်သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ၎င်းနှင့် အပြာမယ်တို၏ ပတ်သက်မှုများအား ဖွင့်ချခြင်းမပြုရေးအတွက် နှုတ်ပိတ်ခအဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကို ၎င်း၏ရှေ့နေဟောင်း မိုက်ကယ်ကိုဟန် မှတစ်ဆင့် ယင်းအပြာမယ်အား ပေးအပ်ခဲ့ပြီး ၎င်းငွေပေးအပ်မှုကို ထရမ့် က မှတ်တမ်းတင်ထားခဲ့သည်။

ထိုပြင် သမ္မတဟောင်း ထရမ့်အား အခြားစီးပွားရေးဆိုင်ရာ မှတ်တမ်းများ ပြုပြင် လိမ်လည်မှုပေါင်း ၃၄ မှုဖြင့် စွဲချက်တင် ခဲ့သော်လည်း အပြစ်မရှိကြောင်း တွေ့ရှိခဲ့သည်။

ယင်းစွဲချက်များသည် မိမိအား နိုင်ငံရေးအရ အနိုင်ကျင့်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံကို စော်ကားခြင်းသာ ဖြစ်သည်ဟု ထရမ့်က မှတ်ချက်ပြု ပြောကြားသည်။ ယခုအမှုများသည် သီတင်းခြောက်ပတ်မှ ရှစ်ပတ်အထိ ကြာမြင့်နိုင်ကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21782

PAN