ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား ယနေ့ညနေပိုင်းတွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ယုတ်မာ ရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ညနေ ၄ နာရီခန့်တွင် ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား အကြမ်းဖက်သမားများက ဆေးရုံ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှနေ၍ Drone ဖြင့် Drop Bomb ၁ လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံ၏ ကလေးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး အဆိုပါ ကလေးကုသဆောင်၌ ဆေးရုံတက်ရောက်ကုသနေသည့် ကလေးငယ် ၁ ဦး နှင့် လူနာစောင့် အပြစ်မဲ့ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
အထက်ပါ ဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ပြည်သူ့ဆေးရုံပေါ်သို့ Drop Bomb ပစ်ချတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram Link>>…
https://t.me/positiveanglenews/21771