သင်္ကြန်အတက်နေ့ ပေါင်းလောင်းမြစ်အတွင်း ရေကစားရာမှ လူငယ်တစ်ဦး ရေနစ်သေဆုံး


(ပြည်တွင်း)ဧပြီ ၁၆

​ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ခေါမကျေးရွာ ဆိပ်ကမ်းသာစားသောက်ဆိုင်ရှေ့ ပေါင်းလောင်းမြစ်အတွင်းတွင် ယနေ ညနေ ၄နာရီအချိန်ခန့်က လူငယ်တစ်ဥိးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မကျီးကုန်းရွာ၊မကျီးကုန်းအုပ်စု၊တပ်ကုန်းမြို့နေသူ G 11 ကျောင်းသား မောင်ဇင်မင်းထက် (17)နှစ် (ဘ)ဦးထွန်းမင်းသည် သူငယ်ချင်းသုံးယောက် အရက်သေစာသောက်စားပြီး ရေကစားကြရာ ​မောင်ဇင်မင်းထက်မှာ ရေသို့နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါရေနစ်သူ မောင်ဇင်မင်းထက်အား ​​ရေငုပ်ကျွမ်းကျင်အဖွဲ့မှ ဝိုင်းဝန်းကူညီရှာဖွေခဲ့ကြရာ ည ၈နာရီ၂၅မိနစ် အချိန်တွင် အသက်သေဆုံးလျှပ် ပြန်လည်တွေရှိခဲ့ပြီး ၊အလောင်းအား ခေါမကျေးရွာ နာရေးကူညီမှုကားဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ည ၈နာရီ၄၅မိနစ် ချိန်တွင် ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

ဇေယျာသီရ်ိမြို့နယ်ရှိ ပေါင်းလောင်းမြစ်အတွင်း သင်္ကြန်ကာလအတွင်း ရေကစားရမှ ရေနစ်သေဆုံးသူ သုံးဦးထိ ရှိခဲ့ကြောင်း သိရသည်။

https://t.me/positiveanglenews/21760

PAN