မိုးညှင်းမြို့ ၊ ထန်းတပင်ရွာနှင့် မြိုင်ရွာဘက်သို့ အကြမ်းဖက် KIA/PDF တို့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး


(ပြည်တွင်း) ဧပြီ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ၊ ထန်းတပင်ရွာနှင့် မြိုင်ရွာဘက်သို့ အကြမ်းဖက် KIA/PDF တို့က ၁၅-၄-၂၀၂၄ ရက်နေ့ ညဦးပိုင်းတွင် အကြောင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

လက်နက်ကြီး ကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသား ၂ ဦးမှာ အသက် ၄၀ ကျော်အရွယ်ခန့်ရှိကြသော ဦးဇော်တူး နှင့် ဦးညိုဝင်း မြိုင်ကျေးရွာနေသူ တို့ဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမဲမသမာမှုများ၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21745?single

PAN