ငါန်းဇွန်မြို့နယ်၊ ဘုရားထူးကျေးရွာရှိ ရာအိမ်မှူး၊(ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ)အား အကြမ်းဖက် PDF များမှ သတ်ဖြတ်


(ပြည်တွင်း) ဧပြီ ၁၆

ပြည်သူ့ စစ်မှုထမ်းဥပဒေအရ အမည်စာရင်း ကောက်ယူရန် သွားသည့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ဘုရားထူးကျေးရွာမှ ရာအိမ်မှူးအား ၁၄-၄-၂၀၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ဘုရားထူးကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးသန်းဝင်း၊ ၆၈နှစ်၊(ဘ)ဦးသောင်းရွှေ သည် ဘုရားထူးကျေးရွာမှ ငါန်းဇွန်မြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်စဉ် ရွှေလင်ပန်းတောရကျောင်းအနီး အရောက်တွင် ဆိုင်ကယ် ၃ စီးဖြင့် အကြမ်းဖက် PDF ၄ ဦး နောက်မှလိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးသန်းဝင်းတွင် လက်မောင်းဖောက်ထွက်ဒဏ်ရာ ၁ ချက်နှင့် ဦးခေါင်းဖောက်ထွက်ဒဏ်ရာတို့ ရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ ဦးသန်းဝင်းသည် ပြည်ခိုင်ဖြိုးပါတီ အုပ်စုပါတီဥက္ကဌ တစ်ဦးဖြစ်ပြီး ပြည်သူ့ စစ်မှုထမ်းဥပဒေအရ အမည်စာရင်း ကောက်ယူသဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်းသွားဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမဲမသမာမှုများ၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21742?single

PAN