ဟူသီအဖွဲက အစ္စရေးသို ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်


ဧပြီ ၁၅

ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့သည် ဧပြီလ ၁၃ ရက်တွင် အစ္စရေးပစ်မှတ်များကို ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်သတင်းအရင်းအမြစ်တစ်ခုက ဧပြီလ ၁၄ ရက်တွင် ဆင်ဟွာသို့ ပြောသည်။

ယီမင်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဟူသီတို့ ထိန်းချုပ်ထားသော နယ်မြေပိုင်နက်မှ အဆိုပါ ဒရုန်း များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ဗြိတိန် ရေကြောင်းလုံခြုံရေးကောင်စီ Ambrey ကလည်း ယီမင်နိုင်ငံမှ အစ္စရေးပိုင်နက်သို့ ဒရုန်းပစ်လွှတ်မှုများကို အတည်ပြုခဲ့သည်။

ဟူသီ ဒရုန်းတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံအပေါ် အီရန်နိုင်ငံ၏လုပ်ရပ်ကို ထောက်ခံမှုတစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ခုက အရိပ်အမြွတ် ပြောသည်။

သို့သော်လည်း ဟူသီတပ်ဖွဲ့က ယင်း တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး သဘောထားမှတ်ချက်ပြောကြားထားခြင်း မရှိပေ။

အီရန်နိုင်ငံသည် မောင်းသူမဲ့ ဒရုန်းများ၊ ဒုံးကျည်များဖြင့် အစ္စရေးနိုင်ငံဘက်သို့ ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း ဧပြီလ ၁၃ ရက် ညပိုင်းတွင် အစ္စရေးစစ်ဘက်က ပြောသည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21735

PAN