သပိတ်ကျင်းမြို့နယ်တွင် PDF များမှ မြင်သမျှလူလူတွေကို ဓါးဖြင့် လိုက်လံခုတ်သတ်သဖြင့် ၃ ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရ

(ပြည်တွင်း)ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊အုံးဇုံးကျေးရွာအုပ်စု၊သက္ကယ်ပြန့်ကျေး ရွာ၌ အကြမ်းဖက် PDF အဖွဲ့ဝင် သိန်းလွင်ပါ ၁၉ဦးအဖွဲ့က ကျေးရွာအတွင်း လမ်းမပေါ်နှင့်နေအိမ်များအတွင်းသို့ ဝင်ရောက်ကာ တွေ့သမျှလူများအား ဓါးဖြင့်လိုက်လံခုတ်သဖြင့်အမျိုးသား ၂ဦး၊အမျိုးသမီး ၁ဦး သေဆုံးပြီး အမျိုးသမီး ၃ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားကြောင်း သိရသည်။

ဧပြီလ ၁၂ ရက်နေ့ မွန်တည့် ၁၂နာရီခွဲ အချိန်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊အုံးဇုံးကျေးရွာအုပ်စု၊သက္ကယ်ပြန့် ကျေးရွာနေ PDF အကြမ်းဖက်အဖွဲ့ဝင်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့အား ထောက်ပို့ပြုလုပ်နေသူ ဦးသိန်းလွင်၊၅၃နှစ်၊(ဘ)ဦးအေးနှင့် ၎င်း၏ သားများဟုယူဆရသူ ၃ဦးခန့်အပါအဝင် အခြားအမည်မသိ ၁၅ဦးခန့်တို့သည် သက္ကယ်ပြန့်ကျေးရွာအတွင်းလာရောက်၍ ကျေးရွာတာဝန်ခံ ဦးထွန်း၏နေအိမ်ပြင်ပမှ သေနတ်(စီစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဦးထွန်းမှာ မိသားစုလိုက် အိမ်နောက်ဖက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးသိန်းလွင်နှင့်အဖွဲ့သည် တစ်ရွာလုံး ဒလန်တွေဘဲဟု ပြောဆိုအော်ဟစ်ကာ ရွာအတွင်းလမ်းမပေါ်နှင့် နေအိမ်များအတွင်းသို့ဝင်ရောက်၍ တွေ့သမျှလူများအား ဓါးဖြင့်လိုက်လံခုတ်သဖြင့် အမျိုးသား ၂ ဦး၊အမျိုး သမီး ၁ဦး သေဆုံးပြီး အမျိုးသမီး ၃ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PDF အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့် သက္ကယ်ပြန့်ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူများ ဖြစ်သည့် ဦးလင်းအောင်၊၄၃နှစ်၊(ဘ)ဦးသန်းစိန်၊ (ခေါင်းပြတ်သေဆုံး)၊မောင်စိုင်းစိုင်း၊၁၄နှစ်၊(ဘ)ဦးလင်းအောင် (သေဆုံး)၊ ဒေါ်လဲ့လဲ့ဝင်း၊၂၄နှစ်၊(ဘ)ဦးမြင့်လွင်၊(ခေါင်းပြတ်သေဆုံး)၊ မနှင်းနုဝေ၊၁၆နှစ်၊(ဘ)ဦးလင်းအောင်မှာ ယာ-တံတောင်ဆစ် ပြတ်ရှဒဏ်ရာ၊ယာ-ဒူးဆစ်ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ဒေါ်နိုင်နိုင်မော်၊၄၉နှစ်၊(ဘ)ဦးဝင်းနိုင်မှာ ဝဲ-လက်သူကြွယ် ပြတ်ရှဒဏ်ရာ၊ ဝဲ-လက်သန်း ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ဒေါ်မျိုးမြတ်နိုင်၊၂၀နှစ်၊(ဘ)ဦးဝင်းနိုင်မှာ (ဝဲ/ယာလက်မောင်း ပြတ်ရှဒဏ်ရာ၊ ယာ-လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြကြောင်း သိရသည်။

#PAN