သင်္ကြန်အကြတ်နေ့ ပေါင်းလောင်းမြစ်အတွင်း ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံး


(ပြည်တွင်း)ဧပြီ ၁၅

ဇေယျာသီရိမြို့နယ်၊ကျည်တောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်ဆိပ်ကမ်းသာ စားသောက်ဆိုင်နှင့် မျက်နာခြင်းဆိုင် ပေါင်းလောင်းမြစ်တစ်ဖတ်ကမ်း သစ်ရိပ်နွယ် စားသောက်ဆိုင်အနီးတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က အမျိုးသားတစ်ဦး ​ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်သေဆုံးသူ နေထက်လင်း၊ ၂၃ နှစ်၊ (ဘ)ဦးဖိုးကျော်၊ MICC 1 နေ့စားဝန်ထမ်း၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းအုပ်စု၊ ခရမ်းကိုင်းကျေးရွာနေသူနှင့် သူငယ်ချင်း၄ ဦးတို့သည် အရက်သေစာသောက်စားပြီးရေကစားကြရာ နေထက်လင်းမှာ ရေ နစ်မြုပ်သွားခဲ့ကြောင်း၊ အနီးအနားမှ ဝိုင်းဝန်းကူညီရှာဖွေခဲ့ကြရာ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အသက်သေဆုံးလျှက် ပြန်လည်တွေရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ နေထက်လင်း၏ အလောင်းအား ခေါမကျေးရွာ နာရေးကူညီမှုကားဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21732?single

PAN