အီရန်နိုင်ငံက အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်လာနိုင်ဟု အမေရိကန်ထောက်လှမ်းရေး သတင်းအရင်းအမြစ်များက ဆို

ဧပြီ ၁၄

      အီရန်နိုင်ငံအတွင်း မောင်းသူမဲ့ လေယာဉ်များနှင့် ခရုဇ်ဒုံးကျည်များကဲ့သို့သော စစ်ဘက်ဆိုင်ရာပစ္စည်းများများ ရွှေ့ပြောင်းနေသည်ကို မြင်တွေ့ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ခုက CNN သို့ ပြောကြားခဲ့သည်။ ၎င်းသည် အစ္စရေးပိုင်နက်အတွင်းမှ ပစ်မှတ်များ အပါအဝင် အစ္စရေးပစ်မှတ်များကို အီရန်က တိုက်ခိုက်မှုဖြစ်နိုင်ချေရှိသော နောက်ဆုံးပေါ်တိုးတက်ဖြစ်ထွန်းမှုများကို အချက်ပြနေသည်ဟုဆိုသည်။ သို့သော်လည်း အီရန်သည် ၎င်း၏ ပိုင်နက်မှ တိုက်ခိုက်မည်ဆိုသည်ကို ရှင်းရှင်း လင်းလင်း မသိရသေးဟု သတင်းရင်းမြစ်
များက ဆိုထားပြီး အမေရိကန်၏ အစီရင်ခံစာအရ အီရန်သည် ယင်းကဲ့သို့ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ၎င်းကျောထောက် နောက်ခံပြုထားသောအဖွဲ့ များလည်း ပါဝင်နိုင်ကြောင်း သိရပါသည်။

       အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony
Blinken သည် ဂျော်ဒန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး Ayman Safadi နှင့် အစ္စရေးနိုင်ငံအပေါ် ဖြစ်ပေါ်လာနိုင်သည့် အီရန်တိုက်ခိုက်မှုအတွက် ဒေသတွင်း အနေဖြင့်
ကြိုးပမ်းနေချိန်၌ အေပြီလ ၁၂ ရက်၊ သောကြာ နေ့တွင် စကားပြောဆိုခဲ့သည်။ Blinken သည် အမေရိကန် – ဂျော်ဒန် လေယာဉ်များ ပူးတွဲဆောင် ရွက်နေသော ဂါဇာသို့လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများ လေကြောင်းမှ ချပေးမှုများ ကူညီဆောင်ရွက်မှုအပေါ် Jordan ၏ ဦးဆောင်မှုများအတွက် Safadi အား ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

       တီဟီရန်၏ လက်ရှိ တင်းမာမှုအခြေအနေများ၌ အစ္စရေးနှင့် တင်းမာမှုများ ရုတ်တရက် တိုးလာနိုင်သည့် အန္တရာယ်ရှိသလို ဂျာမနီနိုင်ငံသားများသည် နိုင်ငံအတွင်း မတရားဖမ်းဆီးခံရနိုင်သည့် အန္တရာယ်လည်း ရှိနိုင်သည်ဟု ဂျာမနီက ၎င်း၏နိုင်ငံသားများအား သတိပေးခဲ့သည်။ “အထူးသဖြင့် အစ္စရေးနဲ့ အီရန်ကြားလတ်တ လော တင်းမာမှုတွေမှာ ရုတ်တရက် တိုးမြင့်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်” ဟု နိုင်ငံခြားရေးရုံးက အေပြီလ ၁၂ ရက်နေ့သောကြာ နေ့၌ ထုတ်ပြန်ခဲ့သော ခရီးသွားသတိပေးချက် အသစ်တွင် ဖော်ပြခဲ့သည်။ “လေကြောင်း၊ ကုန်းကြောင်းနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ထိခိုက်နိုင်တယ်” ဟု ဆိုထားကာ “ဂျာမန်နိုင်ငံသားများသည် နိုင်ထက် စီးနင်း ဖမ်းဆီးစစ်ဆေးမေးမြန်းခံရခြင်းနှင့် နှစ်ရှည်လများ ထောင်ဒဏ်ချမှတ်ခံရနိုင်သည့် အန္တရာယ်ရှိပြီး အထူးသဖြင့် Dual citizens ကိုင်ဆောင်ထားသည့် အီရန်နှင့် ဂျာမန်နိုင်ငံသားများ အန္တရာယ်ရှိပါသည်” ဟု နိုင်ငံခြားရေးရုံးမှ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN