ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား ခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒက်ကလန်ရိုက်စ်


ဧပြီ ၁၄

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ခေါ်ယူမှုအဖြစ် အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ် ကို သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒက်ကလန်ရိုက်စ် ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းအသင်းမှ အာဆင်နယ်အသင်းသို ပေါင် ၁၀၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းရဲ့အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပါတယ်။

ဒုတိယနေရာမှာ ချဲလ်ဆီးလူငယ်ကစားသမား ကိုးလ်ပါလ်မာ ကရပ်တည်နေပြီး တတိယနေရာမှာတော့ လက်စတာအသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ မတ်ဒီဆန် က ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21689

PAN