ညောင်ဦးမြို့နယ်တွင် အမျိုးသား ၁ဦးကို အကြမ်းဖက်PDFအဖွဲ့မှ ပစ်ခတ် သတ်ဖြတ်


(ပြည်တွင်း)မတ် ၃၀


NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊အုန္နဲချောင်းကျေးရွာ၌ ယနေ့နံနက် ၈နာရီကျော်အချိန်က အမျိုးသား ၁ဦးကို အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရသည်။
.
ဖြစ်စဥ်မှာ ညောင်ဦးမြို့နယ်၊အုန္နဲချောင်းကျေးရွာနေ ဦးတိုးလွင်သည် နံနက်၈နာရီ၅မိနစ်အချိန်ခန့်တွင် နေအိမ်အတွင်း ဇနီးဖြစ်သူ ဒေါ်ယဥ်အေးပါ မိသားစုဝင် ၇ဦးနှင့်အတူရှိနေစဥ် အကြမ်း ဖက်သမား ၆ဦး၊သေနတ် အတို/အရှည်များ၊ဓါးများ ကိုင်ဆောင်လျက်ဝင်ရောက်လာပြီး မင်းက ခွေးတွေအားကိုးနဲ့ မိုက်နေတာလားဟု ပြောကာ ဓါးဖြင့်ခုတ်သဖြင့် ဦးတိုးလွင်မှ ထွက်ပြေးရာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှု့ကြောင့် ဦးတိုးလွင်၊၅၇နှစ်၊(ဘ)ဦးအောင်သ၊တောင်သူအား ယာ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာဘက်နံကြား ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နဖူး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-လက်ကောက် ဝတ် ပြတ်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ဖျံ ပြတ်ရှဒဏ်ရာ ၁ချက်၊ဝဲ-လက်ဖဝါး ပြတ်ရှဒဏ်ရာ ၁ချက်တို့ဖြင့် မှောက်လျက်သေဆုံးနေကြောင်း သိရှိရသည်။

#PAN