မွန်လုံချည်ဝတ်လာသည့်.လူငယ်မှ မွန်ညီညွတ်ရေးပါတီဥက္ကဌကို ပစ်ခတ်သတ်ဖြတ်

(ပြည်တွင်း)ဧပြီ ၁၃

မွန်လံချည် ဝတ်လာသည့် လူငယ်တစ်ဦးမှ မွန်ညီညွတ်ရေးပါတီမြို့နယ် ဥက္ကဌကို လာရောက်ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၃ ရက် မြန်မာသင်္ကြန် အကြိုနေ့ နံနက် ၆ နာရီခွဲအချိန်တွင် ပေါင်မြို့ သပြုချောင်ကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သပြုချောင်ကျေးရွာနေ နိုင်ဘထောက် (၇၈)နှစ်သည် နေအိမ်လှေကားအဆင်းတွင် ဆွမ်းလောင်းရန်ပြုလုပ်နေစဥ် သထုံဘက်မှ ဆိုင်ကယ်တစ်စီး ဖြင့် မွန်လုံခြည်ဝတ်ထားပြီး အင်္ကျီအနက်ရောင်ဝတ် လူငယ်တစ်ဦးမှ ဧည့်သည်ဟန် ဆောင် ကာ နေအိမ်တွင်းဝင်ရောက်၍ လက်နက်ငယ်ဖြင့်ပစ်ခတ်ပြီး သထုံဘက်သို့ ပြန်လည်မောင်း နှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့်​ နိုင်ဘထောက်၏ ဝမ်းဗိုက်၌ လက်နက် ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်ဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။

#PAN