ပုသိမ်ကြီးမြို့နယ်၊ မြရတနာရပ်ရှိ နေအိမ် ဘုရားစင်တွင် ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား


(ပြည်တွင်း)ဧပြီ ၁၃

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊မြို့မရပ်ကွက်၊မြရတနာရပ်၌ ယနေ့ နံနက်၂နာရီခွဲကျော်ချိန်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် ငြိမ်းသတ်ခဲ့ရာ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး ၂ နာရီ ၄၇ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှု ဖြစ်စဥ်မှာ ပုသိမ်ကြီးမြို့နယ်၊ မြရတနာရပ်နေ ဦးစိုးနိူင်၊ ၅၀ နှစ်၊ (ဘ)ဦးသန်းအောင်၊ ယာဥ်မောင်း၏ နေအိမ်တွင် နေအိမ်အပေါ်ထပ် ဘုရားစင်၌ မီးပူဇော်ထားသည့် မြေသားမီးခွက်အတွင်းမှ နှမ်းဆီများ ဆူပွက်လျှံကျပြီး သစ်သားပျဥ်ခင်းအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဘုရားခန်းနှင့် နေအိမ်အပေါ်ထပ်ရှိ အခန်း ၁ ခန်းတို့ မီးလောင်ကျွမ်းခဲ့ကာကြောင်း၊ အိမ်ရှင် ဦးစိုးနိူင်အား ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21682

PAN