ဆီးနှင်းများထူထပ်စွာကျရောက်မှုကြောင့် မွန်ဂိုလီးယားနိုင်ငံ၏ စုစုပေါင်းတိရစ္ဆာန်ကောင်ရေ ၁၀ ရာခိုင်နှုန်း ကျော်သေဆုံး


ဧပြီ ၁၃

မွန်ဂိုလီးယားနိုင်ငံ၌ ဆိုးရွားသည့်ရာသီဥတုကြောင့် ယခုနှစ်ဆောင်းရာသီတွင် တိရစ္ဆာန်ကောင်ရေ ၆ ဒသမ ၆ သန်း(၁၀ ဒသမ ၂ ရာခိုင်နှုန်း) သေဆုံးကြောင်း နိုင်ငံ၏ အရေးပေါ်ကော်မရှင်က ဧပြီလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံ၏ ပြည်နယ် ၂၁ ခုအနက် အရှေ့ပိုင်းဆပ်ဘာတာတွင် နှင်းထူထပ်စွာကျမှုကြောင့် တိရစ္ဆာ ၁ ဒသမ ၆ သန်း သေဆုံးကာ ထိခိုက်မှုအများဆုံးဖြစ်ကြောင်း နိုင်ငံ၏အရေးပေါ်ကော်မရှင်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံတစ်ဝန်း ဆီးနှင်းများ လုံးဝအရည်ပျော်သွားပြီဖြစ်သော်လည်း လက်ရှိနွေဦးရာသီတွင် တိရစ္ဆာသေဆုံးမှုများ ဆက်လက်တိုးလာကြောင်း ကော်မရှင်က ဆက်လက်ပြောသည်။

မွန်ဂိုလီးယားနိုင်ငံသည် ဆိုးရွားသည့် ရာသီဥတုရှိပြီး နွေဦးရာသီတွင် လေပြင်းများတိုက်ခတ်ခြင်း၊ သဲမုန်တိုင်းများနှင့် နှင်းမုန်တိုင်းများ မကြာခဏ တိုက်ခတ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ဆောင်းရာသီက မွန်ဂိုလီးယားနိုင်ငံတွင် ၁၉၇၅ ခုနှစ်နောက်ပိုင်း ဆီးနှင်းကျရောက်မှုမှာ စံချိန်တင်အမြင့်ဆုံးဖြစ်ပြီး နိုင်ငံ၏နယ်မြေ ၉၀ ရာခိုင်နှုန်းဝန်းကျင်မှာ ၁၀၀ စင်တီမီတာအထိ ထူထပ်သည့် နှင်းများ ဖုံးလွှမ်းခဲ့ကြောင်း သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21659

PAN