ရေမဆေးကျောက်သမားတွေကို KIA ပေါ်တာဆွဲနေ

(ပြည်တွင်း) ဧပြီ ၁၂

တပ်မတော်နဲ့ ဒေသခံပြည်သူစစ်များ၏ သောင်းကျန်းသူချေမှုန်းရေးကြောင့် အကြမ်းဖက်သောင်းကျန်းသူ KIA/PDF များ ထိခိုက်ကျဆုံးမှုများပြားလာခြင်းကြောင့် ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများကို အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း.ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ၊ အထက်ဆိပ်ကျေးရွာသို့ ဧပြီလ ၉ ရက်နေ့ မနက် ၂ နာရီခန့်တွင် KIA/PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦးခန့် ဝင်ရောက်လာပြီး ဒေသခံလူငယ် ၂ ဦးနှင့် ရေမဆေးကျောက်ရှာဖွေသူ လူငယ် ၁၆ ဦးကို အဓမ္မ ပေါ်တာဆွဲကာ လူသစ်စုဆောင်းသွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ-(၁) မောင်အောင်ကျော်သူ၊ ၂၀ နှစ်၊ နာဂ/ခရစ်ယာန် (ဒေသခံ)၊ (၂) မောင်အိုင်ထုတ်၊ ၂၁ နှစ်၊ နာဂ/ခရစ်ယာန် (ဒေသခံ)၊ (၃) မောင်အနိုင်၊ ၂၁ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၄) မောင်သော်သော်၊ ၁၉ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၅) မောင်ရင်၊ ၂၅ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၆) မောင်ပါကြောင်၊ ၂၀ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၇) မောင်မောင်၊ ၃၅ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၈) မောင်ပါခေါင်၊ ၁၈ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၉) မောင်အောင်ကာဆန်၊ ၂၅ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၀) မောင်အောင်ကာ၊ ၂၁ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၁) မောင်ဖန်လိုင်၊ ၂၇ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၂) မောင်ရန်နိုင်ထွန်း၊ ၁၇ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၃) မောင်ရဲဝင်း၊ ၂၀ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၄) မောင်ဂျွန်ဆန်းဒေး၊ ၃၀ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၅) မောင်ဇာနည်ထက်၊ ၁၉ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၆) မောင်အောင်မြတ်မင်း၊ ၁၈ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၇) မောင်လှဆန်း၊ ၂၃ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၈) မောင်အကောင်း၊ ၃၀ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး) တို့ဖြစ်ကြောင်း သိရသည်။