မြန်မာ – ကိုရီးယား ပူးပေါင်းလုပ်ဆောင်နေသည့် Saemaul Undong ကျေးရွာသစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေး


(နိုင်ငံတကာ) ဧပြီ ၁၂

မြန်မာနှင့် ကိုရီးယားနိုင်ငံတိုအကြား ပူးပေါင်းလုပ်ဆောင်နေတဲ့ Saemaul Undong ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများကို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ Nonghyup Agricultural Cooperative University ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံစဉ် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် မှ Gyeonggi ပြည်နယ်ရှိ Nonghyup Agricultural Cooperative University သို ဧပြီလ ၉ ရက်က သွားရောက်ခဲ့ပြီး ကျောင်းအုပ်ကြီး Mr. Son Byung Hwan နှင့် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ ပထဝီအနေအထား၊ စိုက်ပျိုးရေးကဏ္ဍ၊ မြန်မာနိုင်ငံမှာ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဖွင့်လှစ်ထားရှိမှု အပါအဝင် မြန်မာနှင့် ကိုရီးယားနိုင်ငံတို့ အကြား ပူးပေါင်း ဆောင်ရွက် လျက်ရှိတဲ့ Saemaul Undong ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့တယ်လို သိရပါတယ်။

ဒါ့အပြင်စိုက်ပျိုးရေးကဏ္ဍမှာ လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး အထူးပြု ဘာသာရပ်နဲ့ မြန်မာနိုင်ငံအတွက် ပညာသင်ဆု ပေးအပ်နိုင်မည်ဆိုပါက များစွာကျေးဇူးတင်ရှိမှာ ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

ကျောင်းအုပ်ကြီးမှလည်း ၎င်းတက္ကသိုလ်၏ သမိုင်းကြောင်း၊ တက္ကသိုလ်မှာ လက်ရှိသင်ကြားပို့ချပေးနေတဲ့ အခြေအနေနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြား ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံမှ ပညာသင်တစ်ဦးအတွက် ပညာသင်ဆု စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တက္ကသိုလ်ပရဝဏ်မှာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ Smart Farm များသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21624

PAN