နယူးကာဆယ်နှင့် (၄)နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ဂျိုလင်တန်

ဧပြီ ၁၂

ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျိုလင်တန်ကို နယူးကာဆယ်အသင်းက (၄)နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်လိုက်ကြောင်း အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အသက်၂၇နှစ်ရှိ ဂျိုလင်တန်ဟာ ဂူမာရေးစ်နဲ့အတူ နယူးကာဆယ်ရဲ့လစာအများဆုံးကစားသမားစာရင်းမှာ ပါဝင်လာပြီဖြစ်ပါတယ်။

လက်ရှိမှာ ဂျိုလင်တန်ဟာ ပေါင်ခွဲစိတ်ကုသမှုကြောင့် အနားယူနေရသူလည်းဖြစ်ပါတယ်။