(ပြည်တွင်း)ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ(ခရိုင်)၊ ပြင်ပုံကျေးရွာအုပ်စု၊ သုံးခွာကျေးရွာ အနောက်ဘက်ရှိ ဦးစောနိုးအောင်၏ သီဟိုဠ်ခြံအတွင်း လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများမှ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးရာ ဦးစောနိုးအောင်၏ သီဟိုဠ်ခြံအတွင်းရှိ တဲအိမ်မှာ မီးလောင်ကျွမ်းပြာကျနေပြီး မီးလောင်သည့် နေရာတွင် ဦးစောနိုးအောင်၏ ဇနီးဖြစ်သူ ဒေါ်နော်ရှီးလာ၊ အသက် ၆၂ နှစ်မှာ ခန္ဓာကိုယ်မီးလောင်ကျွမ်းလျက် – ပက်လက်အနေအထားဖြင့် သေဆုံးနေသည် ကိုတွေ့ရပြီး မီးလောင်ကျွမ်းသည့်တဲနှင့် ၂ ဖာလုံခန့်အကွာ သီဟိုဠ်ခြံထဲတွင် ဦးစောနိုးအောင်၊ အသက် ၆၂ နှစ်မှာ လည်ပင်းတွင် ဓါးဖြင့်ခုတ်ထားသည့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါးခုံး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါးပြင်ပြတ်ရှဒဏ်ရာ(၁)ချက်တိုဖြင့် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရှိကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံအား အမြန်စုံစမ်းဖော်ထုတ်နိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်း ရရှိပါသည်။
Telegram Link>>…
https://t.me/positiveanglenews/21591