မုံရွာမြို့မဟာသင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွှဲနိုင်ရေး အသိပေးကြေညာ


၂၀၂၄ ခုနှစ်(၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ကန်သာယာတွင်သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစား မဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်များ၌ နေ့စဉ်နိုင်ငံကျော်ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစား မဏ္ဍပ်အသီးသီး၌ ခေတ်ပေါ်တေးဂီတများ၊ သင်္ကြန်သီချင်းများ၊ သင်္ကြန်ယိမ်း အကများ၊ တပင်တိုင်အကများဖြင့် ဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့်ဖျော်ဖြေခြင်း၊ စတုဒီသာမဏ္ဍပ်များတွင် စားသောက်ဖွယ်ရာများ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ပါသဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မည်သူမဆို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ပါကြောင်း အသိပေးကြေညာထားကြောင်းလည်း သိရသည်။

VK Link>>…
https://vk.com/wall-220066330_5940

Telegram Link>>…
https://t.me/positiveanglenews/21594

PAN