ဂက်စ်အိုးတင်ကာနှင့် ခရီးသည်တင်မှန်လုံကားတိုက်မှုဖြစ်ပွား

(ပြည်တွင်း) ဧပြီ ၁၁

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ကျိုက်ထိုဘက်မှ မောင်းနှင်လာသော ဂက်စ်အိုးများ တင်ဆောင်လာသော မော်တော်ယာဉ်နှင့် ဘီးလင်းမြို့ဘက်မှလာသည့် သိန်းသန်းကျော် ခရီးသည် တင်မှန်လုံတို့ ကျိုက်ထိုမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် ကျိုက်ထိုမြို့နယ် သံတံတားကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဂက်စ်တင်လာသည့် မော်တော်ယာဥ်သည် ကားလမ်းပေါ်လဲကျပြီး လမ်းပိတ်မှုဖြစ်ပေါ်နေခဲ့သဖြင့် ဂတ်စ်အိုးများမှ မီးလောင်မှုအန္တရာယ်ရှိနိုင်သည့်အတွက် မြို့နယ်မီးသတ်ဦးစီးအဖွဲ့မှ ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN