ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊အကွက် အမှတ် (၄၀)ရှိ မန္တလေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသော NLD ပါတီနာယကဟောင်း အကျဉ်းသားထောင်ဝင်အမှတ်၊မတလ/၂၁/၀၁၉၀၆/က၊ ဦးဝင်းထိန်၊၈၃ နှစ်၊(ဘ)ဦးလှထွန်း သည် အပူရှပ်ခြင်းနှင့်နှလုံး ရောဂါကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ယမန်နေ့ညက ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဦးဝင်းထိန်သည် ရာဇသတ်ကြီးပုဒ်မ-၁၂၄ အရ ထောင်ဒဏ်နှစ်(၂၀) ပြစ်ဒဏ်ကျခံနေရပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ်နှင့်ပြင်ပလူနာဌာန(OPD)သို့ လုံခြုံရေးအဖွဲ့များနှင့်အတူ ဒေါက်တာ သက်မင်းစိုးနှင့်လ/ထကြီးကြပ်ရေးမှူး(၁) သိန်းဇော်တို့မှ ယမန်နေ့ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် ပို့ဆောင်ပေးခဲ့သည်ဟု အကျဥ်ထောင်မှ တာဝန်ရှိသူများထံမှ သိရသည်။
အကျဉ်းသား ဦးဝင်းထိန်အား မန္တလေး ပြည်သူ့ဆေးရုံကြီးရှိ ဖျားနာဆောင်(၃)၊(၅)ထပ်ဆောင်၊(၂) လွှာ၊အခန်းအမှတ် (၃)တွင် ဆေးရုံတက်ရောက် ကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN