(ပြည်တွင်း) ဧပြီ ၁၀
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ဧပြီလ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ ဖြစ်ကြသည့် Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ပြီး ယနေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ရန်ကုန်ကိုရောက်ရှိလာသည့် K-pop အဖွဲ့ကို မြန်မာပုရိသတ်များမှ လာရောက်ကြိုဆိုခဲ့ကြသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်တွင် တည်းခိုကြမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ လာရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယား K-pop အနု ပညာရှင်ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် လည်းကောင်း အသီးသီးထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။
#PAN