(ပြည်တွင်း)ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၈၇လမ်း၊ ၂၃-Aလမ်း၊ အေးချမ်းသာလမ်းသွယ်ရှိ သီရိမာလာအမာရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက် ၁၁ နာရီ ၃၀ အချိန်ခန့်က ဆိုင်ကယ် ၁ စီး(စီစစ်ဆဲ)ပေါ်မှ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ် မောင်းနှင် ထွက်ပြေး သွားကြောင်း သိရသည်။
အဆိုပါ လက်လုပ်မိုင်းမှာ အုပ်ချုပ်ရေးမှုးရုံးအနီး ရပ်ထားသော PAJERO အမျိုးအစား၊ ယာဥ်အမှတ် 3B/8419၊ အစိမ်းရောင် မော်တော်ယာဉ်အောက် ကျရောက် ပေါက်ကွဲခဲ့ရာ ကားအောက်ပိုင်း ဆီတိုင်ကီ ပေါက်ထွက်ပျက်စီး၊ နောက်ဘီး ၂ လုံး ပေါက် ပျက်စီးသွားကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
PAN