လိုင်စင်ရငွေလဲကုမ္ပဏီတစ်ခုအား ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိတာကြောင့် လုပ်ကိုင်ခွင့် ၆ လဆိုင်းငံ့


(ပြည်တွင်း)ဧပြီ ၁၀

လိုင်စင်ရငွေလဲကုမ္ပဏီတစ်ခုအား ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိတာကြောင့် လုပ်ကိုင်ခွင့် ၆ လဆိုင်းငံ့


(ပြည်တွင်း)ဧပြီ ၁၀

ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် Money Changer လိုင်စင်ရ Myanmar Sunflower Co., Ltd ရဲ့ လုပ်ငန်းများဆောင်ရွက်မှုကို ၆ လ ဆိုင်းငံ့လိုက်တယ်လို့ ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က New World Financial Group of Co.,Ltd၊ G.S.T Travels & Tours Co.,Ltd၊ Prima Win Co.,Ltd၊ Great Jewel Star Co.,Ltd၊ Shwe D P Co.,Ltd၊ JMJ International Co.,ltd တို့ကို နိုင်ငံခြား ငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ကို ရုတ်သိမ်းလိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါအချက်များကို လိုက်နာခြင်းမရှိတဲ့ Money Changer ၁၇ ခုကို လိုင်စင်ရုပ်သိမ်းခြင်း၊ Money Changer ၅ ခုကို လိုင်စင်သုံးလဆိုင်းငံ့ခြင်းနှင့် Money Changer ၇ ခုကို လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စုစုပေါင်း Money Changer ၂၉ ခုကို တစ်လအတွင်း အရေးယူဆောင်ရွက်ထား ကြောင်း သိရပါတယ်။

PAN