ချမ်းမြသာစည်တောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဖက်သမား ၄ ဦးမှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး


(ပြည်တွင်း)ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အကွက် ၈၅၄၊ စစ်ကိုင်းလမ်းခွဲနှင့် ချမ်းမြသီတာလမ်းဒေါင့်ရှိ ချမ်းမြသာစည်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က အင်္ကျီအနက်ရောင်၊ ဘောင်းဘီအနက်ရောင် ဝတ်ဆင်ထားသည့် အမည်မသိ လူ ၄ ဦး စီးနင်းလာသည့် ဆိုင်ကယ် ၁ စီးပေါ်မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လက်လုပ်မိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့​ပြီး လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ရပ်ကွက်ရုံးရှေ့တွင်ရပ်ထားသော ရာအိမ်မှူး ဦးဝင်းဇော်၊ ၄၈ နှစ်၊ မောင်းနှင်သည့် SERENA၊ အဖြူရောင်ယာဉ်၏ လေကာမှန် ၁ ခု၊ နောက်ကြည့်မှန်ကွဲ ပျက်စီးခဲ့ပြီး ဝဲ ဘက် နောက်ဘီးပေါက် ကားဘော်ဒီ အနည်ငယ်ပျက်စီးခဲ့ကာအကွက် ၈၅၇ ရာအိမ်မှုး ဦးအောင်ကိုလတ်၊ ၄၁ နှစ်၊ စီးနင်းမောင်းနှင်သည့် ဟွန်ဒါကလစ် အနက်ရောင်ဆိုင်ကယ်၏ နောက်ဘီးပေါက်၊ အိပ်ဇောကာဗာ ပေါက် ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

PAN