(ပြည်တွင်း)ဧပြီ ၁၀
ဧပြီလ ၉ ရက်အတွက် ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲမှာ မြန်မာနိုင်ငံမှ ချောက်မြို့က အပူချိန် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်နဲ့ ထိပ်ဆုံးမှာရှိနေတယ်လို့ ကမ္ဘာ့မိုးလေဝသအချက်အလက်တွေကို ဖော်ပြပေးနေတဲ့ Eldorado ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။
နောက်ထပ်မြို့တစ်မြိုဖြစ်တဲ့ မကွေးမြို့ကတော့ အပူချိန် ၄၃ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်နဲ့ ဧပြီလ ၉ ရက်အတွက် ကမ္ဘာ့အပူချိန်အမြင့်ဆုံး အဆင့် ၁၃ မှာရှိနေတယ်လို ဆိုပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၈ ရက်က ချောက်မြို့မှာ အပူချိန် ၄၆ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်၊ မကွေးမြို့မှာ အပူချိန် ၄၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ရှိခဲ့တာကြောင့် ဧပြီလ ၉ ရက်မှာ အရင်နေ့ကထက်အပူချိန် အနည်းငယ်လျော့သွားတာကို တွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်မားမှုတွေကြောင့် ရုတ်တရက်သတိလစ်မေ့မြောတာတွေနဲ့ ရုတ်တရက်သေဆုံးမှုအချို ဖြစ်ပွားနေတာတွေကြောင့် အပူဒဏ်ကို သတိပြုနေထိုင်ကြဖို မိုးလေဝသနှင့် လဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က အသိပေးနှိးဆော် ထားပါတယ်။
Website Link
VK Link