အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး ပျက်ယွင်းမှုဖြစ်အောင် မလုပ်ရန် တရုတ်က အမေရိကန်ကို သတိပေး


ဧပြီ ၉

အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး ပျက်ယွင်းမှုဖြစ်အောင် မလုပ်ရန် တရုတ်က အမေရိကန်ကို သတိပေး


ဧပြီ ၉

အမေရိကန်က အာရှ-ပစိဖိတ်ဒေသ၌ ဒုံးပစ်လောင်ချာများ ဖြန့်ကြက်ချထားမည့် အမေရိကန်၏အစီအစဉ် ကို ကန့်ကွက်ကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးပျက်ယွင်းမှု ဖြစ်အောင်မလုပ်ရန် သတိပေးကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမေရိကန်အနေဖြင့် တာလတ်ပစ်ဒုံးကျည်များကို အာရှ-ပစိဖိတ် ဒေသ၌ မဝေးတော့သော ကာလတွင် ဖြန့်ကြက်ချထားရန် စီစဉ်ထားကြောင်း အမေရိကန်၏ ပစိဖိတ်ဒေသ တပ်မှူးကြီးတစ်ဦးက ပြောကြားခဲ့သည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလားတူ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးတည်ဆောက်မှုကို မတရား သဖြင့် ဝေဖန်ရှုတ်ချခြင်းမပြုရန်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် အမေရိကန်က တရုတ်ကုမ္ပဏီအနေဖြင့် ရုရှားအစိုးရအပေါ် ကူညီပေးမှုများကို ထောက်ပြ ပြောဆိုခြင်း ဖြစ်သည်။ သိုသော် တရုတ်နိုင်ငံသည် နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်သည့် ကုန်ပစ္စည်းများကို ဥပဒေများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

PAN