အင်းစိန်မြို့နယ်တွင် မုန့်ဟင်းခါးစား​​နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြမ်းဖက် PDF နှစ်ဦးမှ ​​သေနတ်​ဖြင့်ပစ်ခတ်


(ပြည်တွင်း)ဧပြီ ၉

အင်းစိန်မြို့နယ်တွင် မုန့်ဟင်းခါးစား​​နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြမ်းဖက် PDF နှစ်ဦးမှ ​​သေနတ်​ဖြင့်ပစ်ခတ်


(ပြည်တွင်း)ဧပြီ ၉

အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ သံဒင်းစုလမ်းမပေါ်ရှိ မုန့်ဟင်းခါးဆိုင်တွင် ယနေ့နံနက် ၉ နာရီကျော်အချိန်ခန့်က မုန့်ဟင်းခါးစား​​နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြမ်းဖက် PDFနှစ်ဦးမှ ​​သေနတ်​ဖြင့် ပစ်ခတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ပေါက်တောရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးဌေးမြင့်သည် နေအိမ်မှ ကိုက် ၁၀၀ ခန့်ရှိ ဒေါ်သန်းသန်း‌မော် ၏ မုန့်ဟင်းခါးဆိုင်တွင် မုန့်စားနစဉ် အမည်မသိ အမျိုးသား ၂ ဦး(စီစစ်ဆဲ)မှ 110 အမျိုးစား အနက်ရောင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ‌‌‌‌‌နောက်တွင် ထိုင်စီးသူ မှ အသင့်ပါလာ​သော သေနတ်ဖြင့် ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးဌေးမြင့်တွင် ဝဲဘက် လည်ပင်း ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဘက်ပါး ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ပုခုံးဖာက်ဝင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ‌‌‌‌ ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး သေဆုံးသွားခဲ့ရကြောင်း၊ အခင်းဖြစ်ပွား‌သည့်နေရာမှ THAI Auto 380 mm အမျိုးအစား ကျည်ခွဲ့ ၂ ခု၊ ကျည်ထိပ်ဖူး ၂ ခု၊ ကျည် ၁ တောင့်၊ တို့ အား တွေ့ရှိခဲ့ကြာင်း သေဆုံးသူ ဦးဌေးမြင့်အား စရက ၁/၁၀၀၀ သို့ ပို့ဆောင်ခဲ့ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိ‌ကြောင်း ကနဦး သတင်းရရှိသည်။

PAN