သင်္ကြန်ကာလအတွင်း အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်များ ပြေးဆွဲမည်


ဧပြီ ၉

သင်္ကြန်ကာလအတွင်း အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်များ ပြေးဆွဲမည်


ဧပြီ ၉

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတို့မှ အဝေးပြေးခရီးသည်များအတွက် မော်တော်ယာဉ်များ ပြေးဆွဲပေးမည်ဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။

ရန်ကုန်မြို့မှ သင်္ကြန်ပိတ်ရက်ကာလအတွင်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြန်ကြမယ့် ခရီးသည် များအနေနဲ့ သင်္ကြန်ကာလ မတိုင်ခင်အပါအဝင် သင်္ကြန်ကာလအတွင်း ခရီးသည်သွားလာမှုများတဲ့ ဒေသများသို့ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲ‌မှုအနေနဲ့ ‌၉ ရက်မှာ ၁၈၅ လိုင်း၊ ၁၀ ရက်မှာ ၁၈၃ လိုင်း၊ ၁၁ ရက်မှာ ၁၈၂ လိုင်း၊ ၁၂ ရက်မှာ ၁၇၅ လိုင်း၊ ၁၃ ရက်မှာ ၄၆ လိုင်းပိတ်ရက်မရှိ ပြေးဆွဲပေးမယ့် ယာဉ်လိုင်း ၆ လိုင်းရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ခရီးသွားလာမယ့်သူများအနေနဲ့ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာများကို တစ်ပါတည်း ယူဆောင်လာရန် ယာဉ်လိုင်းများက ထပ်မံအသိပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ တာဝန်ရှိသူတစ်ဦးက သင်္ကြန်ကာလ ကားလက်မှတ်များ လုံလောက်အောင်ရောင်းချပေးရန်နှင့် ဈေးနှုန်းမြှင့်တင်ကာ ရောင်းချခြင်းမပြုရန် ယာဉ်လိုင်းအသီးသီးကို ညွှန်ကြားထားပါတယ်။

PAN