မြိတ်မြို့၊ တောရကျောင်း လမ်းဆုံးအနီး၌ အိမ်စီး မော်တော်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား


(ပြည်တွင်း) ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တောရကျောင်းရပ်၊ တောရကျောင်းလမ်းဆုံးအနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က အိမ်စီးမော်တော်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အိမ်စီးမော်တော်ယာဥ်တစ်စီးသည် သုံးဘီးယာဥ်အားရှောင်တိမ်းရာမှ လမ်းလယ်ရှိကွန်ကရစ်တုံးအားတိုက်မိခဲ့ရာမှ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းဖြစ်သူအသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရှိရသည်။

PAN