Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံတိုက်ခိုက်ခံရမှုကြောင့် ကုလသတိပေး


ဧပြီ ၈

Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံတိုက်ခိုက်ခံရမှုကြောင့် ကုလသတိပေး


ဧပြီ ၈

ယူကရိးန်နိုင်ငံအတွင်းရှိ Zaporizhzhia ရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံသည် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိမ်းသိမ်းလုပ်ဆောင်ရန် ကုလသမဂ္ဂမှ တိုက်တွန်းသည်။

အဆိုပါတိုက်ခိုက်မှုတွင် ၃ ဦးဒဏ်ရာရရှိကြောင်း ရုရှားကပြောကြားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ယူကရိန်းက ငြင်းဆိုထားသည်။

ဓာတ်ပေါင်းဖို ၆ လုံးပါဝင်သည့် ရုရှားနိုင်ငံပိုင် ဧရာမနျူကလီးယား ဓာတ်အားပေးစက်ရုံသည်း နှစ်နိုင်ငံပဋိပက္ခ၏ မျက်နှာစာတွင် တည်ရှိနေသည်။

ကုလသမဂ္ဂ၏နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA မှ ယင်းကဲ့သို့ တိုက်ခိုက်မှုမျိုး မလုပ်ဆောင်ရန် အကြိမ်ကြိမ်သတိပေးထားသည်။

အဆိုပါဓာတ်အားပေးစက်ရုံသည် ၂၀၂၂ ခုနှစ် ရုရှား၏ စစ်ဆင်ရေးအတွင်း လည်ပတ်မှုရပ်ဆိုင်းထားသော်လည်း အပြည့်အဝ ရပ်တန့်မှုမရှိသေးပဲ အအေးခံရန် လိုအပ်ကြောင်းသိရသည်။

တိုက်ခိုက်မှု နောက်ကွယ်တွင် ယူကရိန်း တပ်ဖွဲ့များရှိနေကြောင်း ရုရှား အစိုးရက ပြောကြားသော်လည်း ယူကရိန်းက အဆိုပါ စွပ်စွဲချက်ကို ငြင်းဆို ထားသည်။

PAN