လီဗာပူးကို ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး မန်ယူကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မိုင်နူး

ဧပြီ ၈

ယမန်နေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ယူအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ မိုင်နူးဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး မန်ယူကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါပွဲစဉ်မှာ မိုင်နူးရဲ့ သွင်းဂိုးဟာ အတော်လေးလှပခဲ့တဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး လီဗာပူးလ်နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

အသက်၁၈နှစ်ရှိ မိုင်နူးဟာ အနာဂတ်မှာ မန်ယူတို့အားထားရတဲ့ ကွင်းလယ်ကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့ အလားအလာတွေ အများကြီးရှိနေတာဖြစ်ပါတယ်။