ဧပြီ ၈
ပဲခူးမြို့နယ်မှ သစ်တောဝန်ထမ်းများအား အကြမ်းဖက်သမားများမှ မှောက်ခိုင်းပြီး ဖုံးများကိုယူဆောင်သွား
ဧပြီ ၈
ဧပြီလ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဘိနယ်အပိုင် တောအုပ်ကြီး ဦးဟိန်းထက်ဆန် အပါ အဝင် လူ ၅ ဦးခန့်မှာ ဒေသအခေါ် ရှောက်ပင်တောစခန်း အနီး မြောက်ဇာမရီကြိုးဝိုင်းနှင့် တောင်ဇာမရီကြိုးဝိုင်း နယ်နိမိတ်ရှိ ဘုတ်တိုင်များ ပျက်ဆီးခြင်းရှိ/မရှိ နှင့် ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရာမှ ကွင်းဆင်းစစ်ဆေးကာ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် ဝက်ဆီတောစခန်းအနီး တိုက်ကြီး-ကုလားချောင်း- လက်ဖောက်လမ်းမပေါ်တွင် အမည်မသိ အကြမ်းဖက်သမားဟုယူဆထင်မြင်ရသူ အရပ်ဝတ် ဝတ်ထားသော လက်နက်ကိုင်အဖွဲ့ဝင် ၇ ဦးခန့်မှာ လက်လုပ် သေနတ်အရှည်ကိုယ်စီဖြင့် ဆိုင်ကယ်များအားတားဆီး၍ သစ်တောဝန်ထမ်း လူများအား မှောက်ခိုင်းကာ သစ်တောဝန်ထမ်းများ ကိုင်ဆောင်ထားသော ဖုန်း အသီးသီးအား သိမ်းဆည်းသွားခဲ့ပြီး လူများအား ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ပဲခူးရိုးမအတွင်း အခြေပြုခိုအောင်းလျှက် အကြမ်းဖက်လုပ်ငန်းများဆောင်ရွှက်ခြင်း တရားမဝင်သစ်ခိုးထုတ်၍ ရံပုံငွေရှာဖွေခြင်း မှောင်ခိုသစ်လုပ်ငန်းရှင်များထံမှ စားနပ်ရိက္ခာများ ၊ ပိုက်ဆံများအား ဆတ်ကြေးတောင်းခံခြင်း ၊ ဆတ်ကြေးမပေးပါက လူသတ် မီးရှို့ ပြန်ပေးဆွဲခြင်း၊ သစ်မှောင်ခိုအဖွဲ့များက သစ်ကားများအတွင်း ဆန်အိပ်များ စားနပ်ရိက္ခာများ အကြမ်းဖက်ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာမြို့/ရွာ များမှ ဝယ်ယူ၍ ပဲခူးရိုးမအတွင်းရှိ အကြမ်းဖက်သမားများထံဆတ်ကြေးပေး၍ သစ်များအား တရားမဝင်ခိုးယူထုတ်နေပြီး သယ်ဆောင်ရာလမ်းကြောင်း တစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များအား ငွေကြေးများပေးဆောင်၍ သယ်ယူလျှက်ရှိပါသည် ။