ဆွတ်နန်းရွာကို အကြမ်းဖက် PDF များလက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့

(ပြည်တွင်း)ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာကို ယနေ့ ည ၇ နာရီအချိန်တွင်အကြမ်းဖက် PDF များက ၎င်းတို့စခန်းချနေထိုင်ရာ ဖဲကဇက်ရွာမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်းသိရသည်။

အကြမ်းဖက်PDFများက ယခုညအချိန်ထိလက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ရာ ရွာအတွင်းကျရောက် ပေါက်ကွဲခဲ့သဖြင့် ရွာသူရွာသားများသည် ဆွတ်နန်းရွာဘုန်းတော်ကြီးကျောင်းတွင် စုဝေးနေထိုင်နေကြရကြောင်း သိရသည်။

ဖဲကဇက်ရွာမှ PDF များက နေ့‌ရောညပါ ပစ်ခတ်နေသည့်အတွက် ရွာသူရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြရကြောင်းသိရသည်။

ဆွတ်နန်းရွာနှင့်ဖဲကဇက်ရွာသည် မီတာ ၄၀၀ ခန့်ကွာဝေးပြီး ဆွတ်နန်းရွာမှ ရွာသူရွာသားများက ဖဲကဇက်ရွာတွင် စခန်းချနေထိုင်သော အကြမ်းဖက် PDF များကို စစ်ကြောင်းထိုး၍ ရှင်းလင်းဖယ်ရှာပေးရန် လိုလားနေကြကြောင်း သိရပါသည်။

#PAN