စစ်ကိုင်းမြို့နယ်၊ ဆည်သေးတောကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ အလောင်းနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


ဧပြီ ၈

ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆည်သေးတောကျေးရွာအနီး၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF အလောင်းနှင့် ဆက်စပ်လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်သေနတ်(အရှည်) ၂ လက်၊ လက်လုပ်သေနတ်(အတို) ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လတ်၊ ၅.၅၆ မမကျည် ၂၅ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၁ လုံး၊ အိုင်ကွန် ၁ လုံး၊ ယမ်းမှုန့်(၅၀ကျပ်သားခန့်) ၁ ထုပ်တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

ယခု ဧပြီလဆန်းပိုင်းမှစ၍ စစ်ကိုင်းဒေသကြီးအတွင်းရှိအကြမ်းဖက်လှုပ်ရှားနေသော PDFအထိုင်စခန်းနေရာများကို နယ်မြေလုံခြုံးရေးဆောင်ရွက်နေသော လုံခြုံရေးစစ်ကြာင်းအဖွဲ့များက ဒေသတွင်းလျှို့ဝက်သတင်းများရယူကာ အကြမ်းဖက်နှိမ်နင်းရေးလုပ်များ အင်တိုက်အားတိုက်ချေမှုန်းဆောင်ရွက်လာသလို နိုင်ငံတော်၏ စစ်မှုထမ်းဥပဒေထုတ်ပြန်လာသည့် နောက်ပိုင်းတွင် စစ်မှုထမ်းအများအပြားပါဝင်လာရာ အကြမ်း PDF အဖွဲ့များသည်လည်း အကြမ်းဖက်အဖွဲ့အစည်းအတွင်းမှ ရုန်းထွက်ကာ ပြည်ပနိုင်ငံများသို့ ရှောင်တိမ်းထွက်ခွာနေသည့် အခြေအနေများရှိသလို ပုလဲမြို့နယ် အကြမ်းဖက်နဂါးအဖွဲ့မှ ဒုခေါင်းဆိုသည်လည်း ပြည်ပသို့ ထွက်ပြေးရှောင်တိမ်းသွားကြောင်း သိရသည်။

PAN