ဧပြီ ၇
CI ထုတ်ပေးထားသူပေါင်း ၁ သိန်း ၆ သောင်းကျော်ရှိ
ဧပြီ ၇
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးထား သူ ပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိပြီးဖြစ်တယ်လို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်၊၊
ဧပြီလ ၅ ရက် မနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ “ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီ” အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊၊
သက်သေခံ လက်မှတ် CI ထုတ်ပေးရေးစခန်း ၅ ခုနဲ့ Mobile Unit ၃ ခုကို ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ဧပြီလ ၄ ရက်အထိ ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ရာမှာ ၁၆၀,၉၀၃ ယောက်ကို CI ထုတ်ပေးနိုင်ခဲ့တယ်လို ဆိုပါတယ်၊၊
အဲဒီလို ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို CI ထုတ်ပေးတာတွေကြောင့် အလုပ် သမားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားလာခွင့်၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သတ်မှတ်ထားတဲ့ လုပ်ခ လစာ၊ ဥပဒေပါအကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်တွေကို ခံစားခွင့်ရရှိမှာဖြစ်တယ်လို သိရပါတယ်၊၊
ဒါ့အပြင် အလုပ်သမားတွေက ထိုင်းဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ခွင့်ရရှိပြီး မြန်မာနိုင်ငံကို တရားဝင်လမ်း ကြောင်း ကနေတစ်ဆင့် မိသားစုထံ လွှပိုငွေတွေ ပြန်လည်လွှပြောင်းဆောင်ရွက်နိုင်ခွင့်၊ ထိုင်းနိုင်ငံအတွင်း ခရီးသွား လာခွင့်၊ လေယာဉ်စီးနင်းခွင့်နဲ့ မြန်မာနိုင်ငံကို လေကြောင်းကနေတစ်ဆင့် ပြန်လည်ဝင်ရောက်ခွင့် အစရှိတဲ့ အကျိုး ခံစားခွင့်တွေကိုလည်း ရရှိမှာဖြစ်တယ်လို သိရပါတယ်၊၊
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေအနေနဲ့ ပြည်ပနိုင်ငံတွေကို အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အလုပ်ခေါ်စာတင်ပြတာတွေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခွင့်တွေကို အခုနှစ် ဇန်နဝါရီလ ၁ ရက်စပြီး အွန်လိုင်းစနစ်နဲ့ စတင်ဆောင်ရွက်နေတယ်လိုလည်း သိရပါတယ်၊၊