အီဂျစ်နှင့် ကာတာတို့ကို သီတင်းပတ်ကုန်ဆွေးနွေးပွဲများမတိုင်မီ ဟားမတ်စ်အား ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက်အတွက် ဖိအားပေးရန် ဘိုင်ဒင်တိုက်တွန်းထား


(နိုင်ငံတကာ) ဧပြီ ၇

အီဂျစ်နှင့် ကာတာတို့ကို သီတင်းပတ်ကုန်ဆွေးနွေးပွဲများမတိုင်မီ ဟားမတ်စ်အား ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက်အတွက် ဖိအားပေးရန် ဘိုင်ဒင်တိုက်တွန်းထား


(နိုင်ငံတကာ) ဧပြီ ၇

ယခုသီတင်းပတ်ကုန် ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံသဘောတူညီချက်အတွက် ကိုင်ရိုတွင်ဆွေးနွေးပွဲများ မစတင်မီ ဟားမတ်စ်တို့ကို ဖိအားပေးရန် အီဂျစ်နှင့် ကာတာ ခေါင်းဆောင်များအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၅.၄.၂၀၂၄ ရက်၊သောကြာနေ့တွင် တိုက်တွန်းခဲ့သည်။

CIA ညွှန်ကြားရေးမှူး Bill Burns သည် ကိုင်ရိုဆွေးနွေးပွဲသို့အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ပြီး၊ ဘိုင်ဒင်သည် အီဂျစ်သမ္မတ Abdel Fattah El-Sisi နှင့် ကာတာဘုရင် Sheikh Tamim binHamad al-Thani တို့ထံ “ဟားမတ်စ်၏ ကတိ ကဝတ်များကို အာမခံရန်နှင့် သဘောတူ ညီချက် ကိုလိုက်နာရန် ” စာရေးသား တောင်းဆိုခဲ့သည်ဟု ဘိုင်ဒင်၏ အကြီးတန်း အုပ်ချုပ်ရေး အရာရှိတစ်ဦးကပြောကြားခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောရေးဆိုခွင့်ရှိသူ John Kirby က ဘိုင်ဒင်သည် သဘောတူညီချက်တစ်ရပ် အမြန်အကောင်အထည်ဖော်နိုင်ရန် ကိုင်ရို၌ ၎င်း၏စေ့စပ်ညှိနှိုင်းသူများကို အခွင့် အာဏာပေးရန် နေတန်ညာဟုသို့ပြောဆိုခဲ့မှုအား ဖော်ပြခဲ့ကာ World CentralKitchen အကူအညီ ပေးရေးလုပ်သား ၇ ဦး ဂါဇာ၌အသတ်ခံရမှုနှင့်ပတ်သက်၍ သီးခြားစုံစမ်းစစ်ဆေးရန် အမေရိကန်အနေဖြင့် အစီအစဉ်မရှိဟု Kirby ကပြောကြားခဲ့ကြောင်း သိရသည်။

IDF သည် ယခုသီတင်းပတ်အတွင်း စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပြီးနောက် အရာရှိ ၂ ဦးကိုထုတ်ပယ်ခဲ့ပြီး အကြီးတန်းတပ်မှူးများကို ပြစ်တင်ရှုတ်ချခဲ့သည်။

လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပိုမိုရရှိလာစေရန် ဂါဇာအပစ်အခတ်ရပ်စဲရေးသည် မရှိမဖြစ်လိုအပ်သည်ဟု အမေရိကန်နှင့် ၎င်း၏ မဟာ မိတ်များက ရှုမြင်နေကြပြီးလတ်တလော အဆိုပြုချက်အောက်တွင် အစ္စရေးနှင့် ဟားမတ်စ်တို့က ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီ ပြီး ဖျားနာ၊ ဒဏ်ရာရ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးငယ်များ ဓား စာခံများကိုဟားမတ်စ်မှ လွှတ်ပေးရန် ဆွေးနွေးခဲ့ကြကာ ရက်သတ္တပတ်များစွာ တိုးတက်မှု ရပ်တန့်နေကြောင်းလည်း သိရသည်။

“အချိန်ကြာမြင့်စွာ အပစ်အခတ်ရပ်စဲရေးဖြင့် ဂါဇာဒေသရှိ ဓားစာခံများကို လွှတ်ပေးရန်နှင့် ဂါဇာဒေသခံများထံ ကယ်ဆယ်ရေးများ ပို့ဆောင်ရန်မှာ ဟားမတ်စ်တို့ တာဝန်ဖြစ်သည်” ဟု ဘိုင်ဒင်၏ အကြီးတန်းအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။

PAN