အစ္စရေးသို့ အမေရိကန်လက်နက်များ လွှဲပြောင်းပေးမှုကို ရပ်တန့်ရန် ဘိုင်ဒင်အား တောင်းဆိုမှု၌ ပလိုစီပူးပေါင်းပါဝင်ခဲ့


(နိုင်ငံတကာ) ဧပြီ ၇

အစ္စရေးသို့ အမေရိကန်လက်နက်များ လွှဲပြောင်းပေးမှုကို ရပ်တန့်ရန် ဘိုင်ဒင်အား တောင်းဆိုမှု၌ ပလိုစီပူးပေါင်းပါဝင်ခဲ့


(နိုင်ငံတကာ) ဧပြီ ၇

ဂျိုးဘိုင်ဒင်၏ အဓိကမဟာမိတ်တစ်ဦးဖြစ်သည့်အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် နန်စီပလိုစီ သည် ဒါဇင်ပေါင်းများစွာသော ကွန်ဂရက်လွှတ်တော် ဒီမိုကရက်တစ်အမတ်များနှင့်အတူ သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဘလင်ကင်ထံ အစ္စရေးသို့ လက်နက်များလွှဲပြောင်းခြင်းကို ရပ်တန့်ရန် ဧပြီလ ၅ ရက်နေ့သောကြာနေ့တွင် လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြောင်း သိရသည်။

ဘိုင်ဒင်၏ ဒီမိုကရက်တစ်ပါတီ၊ ဝါရင့်အဖွဲ့ဝင် Pelosi မှ အစ္စရေးသို့ လက်နက်များ လွှဲပြောင်းပေးခြင်းကို ရပ်တန့်ရန်အတွက် ထောက်ခံမှုမှာ ပါတီတွင်း အမြင်များပို၍ ရေပန်းစားလာမှုအားပြသခဲ့ကြောင်းသိရသည်။

ဘိုင်ဒင်အစိုးရအဖွဲ့ကို World Central Kitchenကယ်ဆယ်ရေးအဖွဲ့မှ ဝန်ထမ်း ၇ ဦး သေဆုံးခဲ့သောအစ္စရေး၏ တနင်္လာနေ့ လေကြောင်းတိုက်ခိုက်မှုတွင် ၎င်း၏ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် သောကြာနေ့က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

“အကူအညီပေးရေးလုပ်သားတွေကို မကြာသေးမီက တိုက်ခိုက်မှုတွေနဲ့ အမြဲတစေ ပိုဆိုးလာတဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်း ကြောင့်လက်နက်လွှဲပြောင်းမှုတွေကို အတည်ပြုတာဟာတရားမျှတမှုမရှိဘူးလို့ မိမိတို့ ယုံကြည်ပါတယ်” ဟုအဆိုပါစာတွင် ဖော်ပြထားပြီး Pelosi နှင့်ကိုယ်စားလှယ် Barbara Lee၊ Rashida Tlaib နှင့် Alexandria Ocasio-Cortez တို့ အပါအဝင် အခြားသော ဒီမိုကရက် ၃၆ ဦးတို့က လက်မှတ်ရေးထိုးတောင်းဆိုထားခဲ့ကြောင်း သိရသည်။

PAN