ဧပြီ ၇
အင်းလေး ရေပေါ်သင်္ကြန် ကျင်းပမည်
ဧပြီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အနေဖြင့် ရေပေါ်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ကနေ သိရပါတယ်။
အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်၂၀၂၃ ခုနှစ်တွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ယခု ၂၀၂၄ ခုနှစ်တွင်လည်း အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်တွင် ရိုးရာအကအလှ ဖျော်ဖြေမှုများ စတုဒီသာ ကျွေးမွေးဧည့်ခံမှုများကို ဧပြီလ ၁၃ ရက် ကနေ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည် ဖြစ် ကြောင်းသိရပါတယ်။
အဲ့ဒါကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် အင်းလေး ဖောင်တော်ဦး ဘုရားဖူးလာရောက်လည်ပတ်၍ အင်းလေးရေပေါ်သင်္ကြန်ကို ပါဝင်ဆင်နွှကြရန် ဖိတ်ခေါ်ထားပါတယ်။
အင်းလေးကန်ရဲ့ သဘာဝအလှအပများနှင့် ဌာနေတိုင်းရင်းသားတို၏လှေကို တမူထူးခြားစွာ ခြေဖြင့်လှော်ခတ်ခြင်းစတဲ့ ဓလေ့စရိုက်များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအကြား ထင်ရှားကျော်ကြားခြင်း ဖြစ်ပါတယ်။