ရွှေဘိုမြို့နယ်၊ ရှားတောကျေးရွာ နှင့် ကလေးမြို့နယ်၊ ဆည်ကြီးကျေးရွာရှိ အတွင်း ခိုအောင်းနေသော အကြမ်းဖက် PDF များအား လက်ဦးမှုရယူချေမှုန်း


(ပြည်တွင်း) ဧပြီ ၇

ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရှားတောကျေးရွာအတွင်း အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များမှ လက်ဦးမှုရယူချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ချေမှုန်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် PDF ၅ လောင်း၊ လက်လုပ် ၄၀ မမ သေနတ် ၂ လက်၊ လက်လုပ်သေနတ် ၅ လက်၊ ၁၂ ဗို့ကျည် ၁၅ တောင့် ၊ ၁၀ ယောက်အိပ်လူနေတဲ ၁ လုံး၊ အုပ်ချုပ်မှုတဲ ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ထို့အတူ ယမန်နေ့ကလည်း ကလေးမြို့နယ်၊ ဆည်ကြီးကျေးရွာရှိ လူနေအိမ်နှင့် စာသင်ကျောင်းအတွင်းမှ အကြမ်းဖက် PDF များ၏ ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများ သိုလှောင်သိမ်းဆည်းထားကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ရှာဖွေရှင်းလင်းရာ လက်လုပ်မိုင်း ၂၇ လုံး၊ ယမ်းကြိုး(အနှေး) ၂ ခွေ၊ ပြောက်ကျားကျည်ကာဦးထုပ် ၃ လုံး၊ ပြောက်ကျားလျှာထိုးဦးထုပ် ၈ လုံး၊ PDF(Kalay) လက်မောင်းတံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၃၈ ထည်၊ပြောက်ကျားဘောင်းဘီ ၂၂ ထည်၊ ပြောက်ကျား ချပ်ဝတ်တန်ဆာ ၃ စုံ၊ ပြောက်ကျားခါးပတ်ကြီး ၃ ချောင်း၊ ပြောက်ကျားကျောပိုးအိပ် ၅ လုံး၊ အိုင်ကွန် အားသွင်းခုံ ၈ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အလားတူ ကလေးမြို့နယ် တင်သားကျေးရွာအနီး နယ်မြေလုံခြုံရေးစစ်ကြောင်းနှင့် အကြမ်းဖက် PDF များ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ရာ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ AK သေနတ် ၁ လတ်၊ AK ကျည်အိမ် ၁ ခု၊ AK ကျည်ဆံ ၁၀ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

PAN