စစ်ကိုင်းမြို့နယ်၊ ကြွယ်လူးကျေးရွာအနီး မိုင်းထောင်နေသောအကြမ်းဖက်သမား ၁ ဦးကိုပစ်ခတ်ဖမ်းဆီး


ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်လူးကျေးရွာအနီးတွင် ဧပြီ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မိုင်းထောင် နေသည့် PDF အကြမ်းဖက်သမားတစ်ဦးတွေ့ရှိရ၍ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ မိုင်းထောင်နေသော အကြမ်းဖက်ဖက်သမားကို ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်သေနတ်အရှည် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ရီမု ၁ ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

#PAN