ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်


ဧပြီ ၇

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်


ဧပြီ ၇

▪️ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရသူက ဧပြီ ၅ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

▪️၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဩစတြေလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဘစ်ရှော့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်က တာဝန်ပြီးဆုံးခဲ့တဲ့ စင်္ကာပူသံတမန် နိုလင်းဟေဇာရဲ့နေရာကို ဆက်ခံရမှာဖြစ်ပါတယ်။

▪️သူမဟာ ၂၀၂၀ ဇန်နဝါရီလမှာ ဩစတြေလျနိုင်ငံ အမျိုးသားတက္ကသိုလ် အေအင်န်ယူရဲ့ အဓိပတိအဖြစ် ခန့်အပ်ခံရပါတယ်။ အေအင်န်ယူရဲ့ ဒုတိယ အဓိပတိ ပါမောက္ခ ဂျီနီဗီဘဲလ်က ဘစ်ရှော့ဟာ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုခံရတာဖြစ်တယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျွန်မ ခန့်အပ်ခံရလို့ အထူးဂုဏ်ယူမိပါတယ် လို့ ဘစ်ရှော့ကပြောပါတယ်။”
သူမဟာ မူဝါဒ၊ ဥပဒေနှင့် အကြီးတန်းစီမံခန့်ခွဲမှု အတွေ့အကြုံရင့်ကျက်သူဖြစ်တယ်လို့ ကုလက ပြောပါတယ်။