အမေရိကန်နှင့်ဆွေးနွေးရမည့် အဓိကအကြောင်းအရာများတွင် မဟာဗျူဟာမြောက် လုံခြုံရေးကိစ္စရပ်များ ပါဝင်ကြောင်း ရုရှားပြော


ဧပြီ ၂

အမေရိကန်နှင့်ဆွေးနွေးရမည့် အဓိကအကြောင်းအရာများတွင် မဟာဗျူဟာမြောက် လုံခြုံရေးကိစ္စရပ်များ ပါဝင်ကြောင်း ရုရှားပြော


ဧပြီ ၂

အမေရိကန်နှင့် ရုရှားနိုင်ငံတိုကြား ဆွေးနွေးရမည့် အဓိကအကြောင်းအရာများတွင် အာကာသအခြေပြု လက်နက်များအပါအဝင် မဟာဗျူဟာမြောက် လုံခြုံရေးကိစ္စရပ်များပါဝင်ကြောင်း ရုရှားနိုင်ငံ ကရင်မလင်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က ဧပြီလ ၅ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းဆောင်ရည်များနှင့်စပ်လျဉ်း၍ အမေရိကန်က စိုးရိမ်လျက်ရှိပြီး ရုရှားအစိုးရ အနေဖြင့် အာကာသအခြေပြုလက်နက်များကို ထုတ်လုပ်ရန်ကြိုးပမ်းနေသည်ဟူသော ထောက်လှမ်းရေးသတင်း အသစ်များ ရရှိထားကြောင်း အမေရိကန်ကပြောကြားပြီး နှစ်လအကြာတွင် အာကာသ အတွင်း၌ နျူကလီးယား လက်နက်များ ဖြန့်ကြက်ထားခြင်းကို တားမြစ်နိုင်ရေးအတွက် အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ လာမည့်ရက် သတ္တပတ်တွင် တင်ပြဆွေးနွေးရန်စီစဉ်နေစဉ် ရုရှားအစိုးရ၏ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ သိုသော်လည်း ရုရှားက အမေရိကန်၏ အဆိုပါ ပြောဆိုချက်ကို ငြင်းဆိုထားသည်။

ရုရှားနှင့် အမေရိကန်တိုကြား ဆက်ဆံရေးသည် ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်မှစ၍ အဆိုးရွားဆုံးအဆင့်သို့ ကျဆင်းခဲ့ကြောင်း ရုရှားအစိုးရကပြောဆိုထားပြီး ထိုအချိန်မှစ၍ အမေရိကန်အစိုးရသည် ယူကရိန်းသို့ လက်နက်ခဲယမ်းများနှင့် လေ့ကျင့်သင်ကြားမှု အကူအညီများ ပေးအပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားအနေဖြင့် ယူကရိန်းအား နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက ထောက်ပံ့ပေးနေခြင်းနှင့် ရုရှားနယ်စပ်အနီးတွင် နေတိုးတပ်ဖွဲ့က အင်အားတိုးမြှင့်လာခြင်းတို့အပါအဝင် ရုရှားနိုင်ငံ၏ လုံခြုံရေးနှင့်ဆက်နွှယ် သည့် ကိစ္စရပ်များအား ရုရှားနှင့်အမေရိကန်တို့အကြား လက်နက်ထိန်းချုပ်ရေး အဖြစ်သာ ဆွေးနွေးမည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင် က ပြောကြားထားကြောင်း သိရသည်။

PAN