သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း YBS ယာဉ်များ ယာဉ်စီးခ ပိုမိုတောင်းခံပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်


ဧပြီ ၂

သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း YBS ယာဉ်များ ယာဉ်စီးခ ပိုမိုတောင်းခံပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်


ဧပြီ ၂

ရန်ကုန်မြို့အတွင်း၌ သင်္ကြန်ရုံးပိတ်ရက်ကာလမှာ YBS ခရီးသည်တင်ယာဉ်များအနေဖြင့် သတ်မှတ်နှုန်းထား အတိုင်းသာ ပြေးဆွဲပေးမှာဖြစ်ပြီး ယာဉ်စီးခပိုမိုတောင်းခံပါက CNG ယာဉ်ဖြစ်ပါက CNG ပိတ်သိမ်းပြီး ဒီဇယ်ယာဉ် ဖြစ်ပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောဆိုထားပါတယ်။

မော်တော်ယာဉ်လိုင်းကုမ္ပဏီ ၁၆ ခုမှ သင်္ကြန်ကာလဖြစ်တဲ့ ဧပြီလ ၁၃ ရက်တွင် YBS ယာဉ်လိုင်း ၆၇ လိုင်းမှ ယာဉ်အစီးရေ ၁,၄၃၀၊ ဧပြီလ ၁၄ ရက်တွင် YBS ယာဉ်လိုင်း ၆၃ လိုင်းမှ ယာဉ်အစီးရေ ၁,၂၉၀၊ ဧပြီလ ၁၅ ရက်တွင် YBS ယာဉ်လိုင်း ၆၃ လိုင်းမှ ယာဉ်အစီးရေ ၁,၂၈၈ စီးနှင့် ဧပြီလ ၁၆ ရက်တွင် YBS ယာဉ်လိုင်း ၆၃ လိုင်းမှ ယာဉ်အစီးရေ ၁,၂၈၈ စီးတိုဖြင့် ပြေးဆွဲပေးမည်ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၁၇ ရက်တွင် YBS ယာဉ်လိုင်း ကုမ္ပဏီ ၁၈ ခုမှ YBS ယာဉ်လိုင်းအားလုံး ပြန်လည် ပြေးဆွဲမည်ဖြစ်ပြီး အဆိုပါနေ့တွင် Thet Yin Aung ကုမ္ပဏီစီမံမှုအောက်ရှိ ယာဉ်လိုင်း ၃ လိုင်းမှ ထွက်ရှိသည့် ယာဉ်များဖြင့် ယာဉ်စီးခအခမဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာနမှ စာရင်းအရ ပြီးခဲ့သည့်နှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း တိုင်ကြားမှု ၁၁ မှုရှိခဲ့ကြောင်း သိရပါတယ်။

ယာဉ်စီးခ ပိုမိုတောင်းခံသည့် ယာဉ်များအား ခရီးသည်အသွင်ယူစီးနင်း၍ CNG ယာဉ်ဖြစ်ပါက CNG ပိတ်သိမ်းပြီး ဒီဇယ်ယာဉ်ဖြစ်ပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူ ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင်လည်း ထိုကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း သိရပါတယ်။

PAN