မြို့နယ်ရဲတပ်ဖွဲ့မှုုးလိုက်ပါလာသည့် မော်တော်ယာဥ်အား PDFအဖွဲ့ မိုင်းဆွဲတိုက်ခိုက်သဖြင့် ရဲမှူးအပါဝင် ၄ဦး ကျဆုံး


( ပြည်တွင်း)ဧပြီ ၆


မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ နတ်နန်းကျေးရွာအဝင် တံတားအနီးတွင် ယမန်နေ့ည ၇ နာရီခွဲအချိန်ခန့်က ​မြို့နယ်ရဲတပ်ဖွဲ့မှုုးဦးစီး၍ လုံခြုံရေးအဖွဲ့များလိုက်ပါလာသည့်ကားအား အကြမ်းဖက် PDFအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ ဦးစီး၍ ရဲတပ်သား၄ဦး တို့လိုက်ပါလျက် AIR WAY ယာဥ်​ဖြင့်လည်းကောင်း၊မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲအုပ် ကျော်စိုးသင်းဦးစီး၍ ရဲတပ်ဖွဲ့ဝင်၅ဦး တို့သည် SURF ခဲရောင်ယာဉ်နှင့်လည်းကောင်း၊ဗိုလ်ကြီး နေဝင်းချစ် ဦးစီးအဖွဲ့မှ CRV အပြာရောင် ၁စီး၊ဗိုလ်ကြီး ဝေယံကျော် ဦးစီးအဖွဲ့မှ TOYOTA BANZA အဖြူရောင်၊ဗိုလ်ကြီး ဝင်းရှိန် ဦးစီးအဖွဲ့မှတို့လိုက်ပါလာသော မော်တော်ယာဥ် ၄ စီးတို့သည် ကျင်းရွာကျေးရွာမှညနေ၅နာရီကျော်အချိန်ခန့်က ထွက်ခွာခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ဝင်းကျော်သူ လိုက်ပါလာသည့်ယာဥ်မှ နယ်မြေထောက်လှမ်းလျက် ရှေ့ဆုံးမှ ထွက်ခွာသွားပြီး ကျန်မော်တော်ယာဉ် ၃စီးမှာ မိနစ် ၃၀ ခန့်အကြာ အနောက်မှ လိုက်ပါလာခဲ့​​ကြောင်းသိရသည်။

အဆိုပါ ရဲမှုး ဝင်းကျော်သူလိုက်ပါလာသည့်ယာဥ်မှာ ဝမ်းတွင်းမြို့နယ်၊နတ်နန်းကျေးရွာအဝင် တံတားအရောက်တွင် ရဲမှူး ဝင်းကျော်သူ စီးနင်းလာသော မော်တော်ယာဉ်အား သောင်းကျန်း သူ PDF များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် လမ်းအရှည် ၁၅ပေခန့်၊အနံ ၈ပေခန့် ပျက်စီးသွားပြီး ယာဉ်ပေါ်ပါလာသူ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ဝင်းကျော်သူ၊ရဲတပ်သား ရန်ကျော် (ယာဉ်မောင်း)၊ရဲတပ်သား သက်ကိုအောင်၊ရဲတပ်သား ဟိန်းကိုကို တို့သည် မိုင်းပေါက်ကွဲသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်​နေရာတွင် ကျဆုံးခဲ့ကြောင် သိရသည်။

ထို့ပြင် ရဲမှုး ဝင်းကျော်သူ ကိုင်ဆောင်သည့် MA -13 ၁လက်၊ကျည် ၁၀၀တောင့်၊ ခြောက်လုံးပြူး ၁လက်၊ကျည် ၁၂တောင့်၊ရဲတပ်သား ရန်ကျော်(ယာဉ်မောင်း) ကိုင်ဆောင်သည့် BA-72 ၁လက်၊ကျည် ၁၀၀တောင့်၊ရဲတပ်သား သက်ကိုအောင် ကိုင်ဆောင်သည့် BA-63 ၁လက်၊ကျည် ၁၀၀တောင့်၊ရဲတပ်သား ဟိန်းကိုကို ကိုင်ဆောင်သည့် BA-63 ၁လက်၊ကျည် ၁၀၀တောင့်တို့အား အကြမ်းဖက်များမှ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

#PAN