နိုင်ငံ၏ သတင်းအချက်အလက်များအား မော့ဆက်အဖွဲ့သို့ ရောင်းချခဲ့သည့် သူလျှိရှစ်ဦးကို တူကီယဲဖမ်းဆီး


ဧပြီ ၂

နိုင်ငံ၏ သတင်းအချက်အလက်များအား မော့ဆက်အဖွဲ့သို့ ရောင်းချခဲ့သည့် သူလျှိရှစ်ဦးကို တူကီယဲဖမ်းဆီး


ဧပြီ ၂

တူကီယဲရဲတပ်ဖွဲ့သည် နိုင်ငံ၏သတင်းအချက်အလက်များအား အစ္စရေးထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် မော့ဆက်သို့ရောင်းချခဲ့သည့် သူလျှိရှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တူကီယဲပြည်ထဲရေးဝန်ကြီး အလီယာလီ ကာယာ က ဧပြီလ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသည့် သူလျှိများသည် အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး တူကီယဲနိုင်ငံ အတွင်းရှိ မော့ဆက်အဖွဲ့က ပစ်မှတ်ထားထောက် လှမ်းနေသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ၏ သတင်းအချက် အလက်များနှင့် စာရွက်စာတမ်းများကို လွှပြောင်းပေးအပ်ခဲ့ကြောင်း အလီယာလီ ကာယာ က ဆက်ပြောသည်။

တူကီယဲရဲတပ်ဖွဲ့သည် သူလျှိများအား အမျိုးသားထောက်လှမ်းရေးအဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်သည့် စီးနင်းမှုအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံထားရသူများအနက် ခြောက်ဦးကို တရားစွဲဆို ထားနိုင်ခဲ့ပြီး ကျန်နှစ်ဦးကိုမူ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

တူကီယဲအစိုးရအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားညီညွတ်မှုနှင့် စည်းလုံးမှုကို ပျက်ပြားစေမည့် မည်သည့် သူလျှိလုပ်ဆောင်မှုမျိုးကိုမဆို ခွင့်ပြုမည် မဟုတ် ကြောင်း အလီယာလီ ကာယာ က ထပ်လောင်းပြောကြားခဲ့သည်။

PAN