(ပြည်တွင်း) ဧပြီ ၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဖျက်ယန်ကျေးရွာတွင် ဧပြီလ ၄ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က မိုသီးများကျ၍ နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။
အဆိုပါမိုးသီးများ၏ အရွယ်ပမာဏသည် တောကြက်ဥအရွယ်ခန့်ရှိသည့် မိုးသီးများကြွေကျခဲ့သောကြောင့် နေအိမ်များထိခိုက်ပျက်စီးများရှိပြီး ဘာသာရေးအဆောက်အဦးအပါအဝင် ကျေးရွာအတွင်းရှိ လူနေအိမ်ခေါင်မိုးများအများပြားထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထိုမိုးသီးများကြောင့် အိမ်မွေးတိရိစ္ဆာန်ကြက်များပင်သေဆုံးခဲ့ရသည်အထိရှိခဲ့ကြောင်း၊သို့သော်လူများထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာနှင့် နောင်လုံကောင်ရာကျေးရွာတို့တွင်လည်း မိုးသီးများကြွေကျခဲ့ခြင်းများရှိခဲ့သော်လည်း ဒေသခံတို့၏နေအိမ်များထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်
#PAN