Xiaomi ဖုန်းကုမ္ပဏီက ၎င်းတို့၏ ပထမဦးဆုံးထုတ်လုပ်သည့် လျှပ်စစ်ကားကို စတင်ရောင်းချ

ဧပြီ ၃
တရုတ် ထိပ်တန်းဖုန်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Xiaomi ကော်ပိုရေးရှင်းသည်း ၎င်းတို့၏ ပထမဦးဆုံးထုတ်လုပ်သည့် SU7 အမည်ရှိကားအား စတင်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါကားမိတ်ဆက်ချိန်မှ စတင်ကာ ကြိုတင်မှာယူထားသည့် အစီးရေ တစ်သိန်းအား စတင်ပို့ဆောင်နေပြီဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Lei Jun ကဆိုသည်။
Lei Jun က “Xiaomi ရဲ့ ကားကို တရားဝင် ပွဲဦးထွက်ပို့ဆောင်ရောင်းချပါပြီ စမတ်ကားတွေရဲ့ တကယ့်တော်လှန်ရေးက တရားဝင် စတင်နေပြီဖြစ်ပြီး၊ တရုတ်က Tesla လိုမျိုး ကုမ္ပဏီကြီးကို မွေးထုတ်ပေးမှာပါ” ဟု ၎င်းက ပေကျင်းတွင် ပထမဆုံး ပို့ဆောင်သည့် အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။
Speed Ultra 7 ၏ အတိုကောက်အမည်ပေးထားသည့် Xiaomi ၏ SU7 ပြိုင်ကားဆန်ဆန် လျှပ်စစ်ကားအား ပထမဦးဆုံး တပ်ဆင်ထုတ်လုပ်ကာ ပို့ဆောင်မည့် အစီးရေ ၅၀၀၀ အား Founder’s Edition ဖြစ်ကြောင်းသိရသည်။
အဆိုပါကားမိတ်ဆက်ပြီးနောက် အင်္ဂါနေ့တွင် Xiaomi ကုမ္ပဏီ၏ ရှယ်ရာများသည် ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews